လိပ်သိုမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြပွဲပြုလုပ်

လိပ်သို နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်သို့ လာရောက်သော ပြည်သူများ၊ ကျောင်းသား ကျောင်းသူလူငယ်များ၊ ကလေးသူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အစဉ်အမြဲ သတိပြုရှောင်ကြဉ်နိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကပ်ထားပြသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါး အလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၊ ဥပဒေဖြင့် ကန့်သတ်ထားသော ဆေးဝါးများ၊ မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးစွဲ လက္ခဏာများ၊ ကုသကာကွယ်မှု ပေးနိုင်ရန် နှိုးဆော်အကြံပြုချက်များအား ပြသပေးထားကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတ ပိုမိုရရှိနိုင်စေရန် ရည်ရွယ်ပြီး အခြားသော အသိပညာပေး နံရံကပ်စာစောင်များအား နေ့ထူးနေ့မြတ်များအပြင် အပတ်စဉ် လဲလှယ်ပြသပေးလျက်ရှိကြောင်း သိရသည်။jjKkkKgitiifrkါအသါအါ

 

စောဝေါ်ကွောထူး(ပြန်/ဆက်)