နတ်မောက်မြို့နယ်တွင် RS-CS မျိုးစေ့ထုတ်ဆင်းရွှေကြာ (၂) နေကြာ(၅)ဧကစိုက်ပျိုး

နတ်မောက် နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် RS-CS မျိုးစေ့ထုတ်ဆင်းရွှေကြာ (၂) နေကြာ(၅)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဆီထွက်သီးနှံနေကြာမျိုးများ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရွှေကြာ(၂) နေကြာမျိုးများကို စိုက်ပျိုးကြသည်။ အရည်အအသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် ဆင်းရွှေကြာ(၂) နေကြာမျိုးများကို စိုက်ပျိုးရေး တောင်သူများ အလွယ်တကူရရှိရေးအတွက် ဘုန်းတော်ပြည့်ကျေးရွာ တောင်သူဦးတင်ဝင်း၏ ယာမြေဧက(၅)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးမှုဖြင့် RS-CS မျိုးစေ့ထုတ်ဆင်းရွှေကြာ (၂) နေကြာမျိုးများကို နေကြာမျိုးစေ့ထုတ်အတွက်သတ်မှတ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်း ဖြစ်သည်။

၂၀၂၂-၂၀၂၃ ခုနှစ် နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရန် လျာထားဧက (၁၃၁၅၅) လျာထားပြီး စိုက်ပြီးဧက  (၂၆၃၇၂) ရှိကြောင်းနှင့်  ထွက်ရှိလာမည့် RS-CS မျိုးစေ့ထုတ် ဆင်းရွှေကြာ (၂) နေကြာမျိုးများကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူမူစန်း