သတင်းများ

ရေဖြူမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်  ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန် ပျော်ရွှင်မှုရစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စုတွင် ဆောင်းသီးနှံနေကြာ စိုက်ပျိုးနည်း စနစ်ပညာပေး ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ အလယ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနည်းစနစ်ပညာပေး ဆွေးနွေးပွဲနှင့် စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
တံတားဦးမြို့ ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော
Nov 11,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား/ သူများ အနာဂါတ်တွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးရေး ၊ လူငယ်များ ယဉ်ကျေးလိမ္မာ၍ ဘက်စုံ ထူးချွန်စေရေး ၊ နိုင်ငံတော် တည်ဆောက်ရာတွင် အားကိုးအားထားရသော လူချွန်လူကောင်းများ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပကြောင်း သိရသည်။
ကျွန်းစုမြို့၊ စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက စခန်းသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ ဌာနဆိုင်ရာများကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) ရှင်းလင်းဆွေးနွေး
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) နှင့် ပတ်သတ်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်/စာစောင်ပြပွဲ ပြုလုပ်
Nov 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ ချိန်က ပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၈)ပန်းဘဲချောင်ရပ်ကွက်၊ စက်ကြီးတန်းလမ်း၌ ဒေသခံပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ် ခဲ့သည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Nov 11,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်ခဲ့သည်။