ကျောက်မဲမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်မဲ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့ နံနက် ၉:၃၀ က ကျောက်မဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးကြိုးဘေး၊ ငလျင်ဘေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမိုင်းထွန်းအောင်က မိုးကြိုးဘေးအန္တရာယ်နှင့် ငလျင်‌ဘေး အန္တရာယ်ကြိုတင် ကာကွယ်နည်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပြဌာန်း ချက်များ အစရှိသည်တို့ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူစုစုပေါင်း ၂၀၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)