ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

ဘူးသီးတောင် နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၇)ရပ်ကွက်ရှိ အများပြည်သူအသုံးပြုလျက်ရှိသော ရေတွင်းအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဖြိုးလင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် အမှတ်(၇) မီးရထားဆိပ်ရပ်ကွက်အတွင်းရှိ အများပြည်သူအသုံးပြုလျက်ရှိသော အချင်း (၆)ပေ၊ အနက်(၃၀)ပေခန့်ရှိ ရေတွင်းအား မီးသတ်ရေယာဉ်ဖြင့် ရေများစုတ်ယူခြင်း၊ အမှိုတ်သရိုက်များရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရေတွင်းမှာ အမှတ်(၇) မီးရထားဆိပ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများမှ သောက်/သုံး ရေများအသုံးပြုလျက်ရှိသော ရေတွင်းဖြစ်ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှကျော်