သတင်းများ

တိုက်ကြီးမြို့နယ် Community Centre ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးသူမြင့်ထွန်း ရေးသားထားသော “ကမ္ဘာကျော်သူတွေရဲ့ ကမ္ဘာကျော်ရတဲ့ အကြောင်းတွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
မာန်အောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်း
Nov 11,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေဝါသနာရှင် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီက ရန်အောင်မြင်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ/ဆရာမများအား စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့​သည်။
ဟုမ္မလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပုံပြင်ပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကျောင်းမှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကျောင်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်‌ကြောင်းအနေဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်း‌ကျောင်းသို့ သွားရောက်၍ ကျောင်းနှင့်၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ပြုလုပ်ခဲ့ကြသည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဆက်တိုက်လေ့ကျင့်
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ သီရီဟေမာရပ်ကွက် ဘုရားလမ်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်
Nov 11,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
တမူးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းမှု ကွင်းသရုပ်ပြပွဲပြုလုပ်
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉း၃၀) နာရီအချိန်က မြို့မအုပ်စု တောင်သူ ဦးတင်ဆိုင်၏ ကွင်းအမှတ်(၂၅၅A) ဦးပိုင်အမှတ်(၄၇)တွင် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Nov 11,2022
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နေ့လည်၁၂ နာရီက မြို့ပေါ်ရပ်ကွက်နှင့်‌ကျေးရွာများသို့  သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများကစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။