ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဆက်တိုက်လေ့ကျင့်

ဝါးခယ်မ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ သီရီဟေမာရပ်ကွက် ဘုရားလမ်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ယင်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျုံမငေးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်၊ ရဲအုပ်သိန်းစိုး၊ လက်ထောက်မီးသတ်ဦးစီးမှူး စည်သူ၀င့်မောင်၊ အရံမီးသတ် ဒုတိယတပ်ရင်းမှူး ဦးသန်းဦး၊ စည်ပင်သာယာရေးအဖွဲ့မှ အကြီးတန်းစာရေး ဦးသန့်ဇင်ထွန်း၊ သီရီဟေမာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏ တို့ပူးပေါင်း၍ ကျုံမငေးမြို့‌နေ ပြည်သူများအား မီးသတ်ယာဥ်ဖြင့်မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ နည်းလမ်းများအား ပြသခြင်း၊ မီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်သည့် နည်းများဖြင့် မြို့နေပြည်သူများနှင့်အတူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့‌ကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)