သံတွဲ နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နေ့လည်၁၂ နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများကစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲ သစ်အဖြစ် ကူးစက် ပြန့်ပွားလျက်ရှိရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း အကြိမ်ပြည့် ထိုးနှံကြရန်၊ အပြင်ထွက်ပါကပါးစပ်၊နှားခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်းလိုက်နာကြရန် စသည့်အသိပေး နှိုးဆော်ခြင်းများ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်