သတင်းများ

မိုးကောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Nov 11,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီခွဲတွင် ကျင်းပခဲ့သည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက်ပြိုင်ပွဲကျင်းပ
Nov 11,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက် ပြိုင်ပွဲကျင်းပခဲ့သည်။
ရွှေကျင်မြို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲကျင်ပ
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ပဲခူးတိုင်း‌ဒေသကြီးမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသ
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊  တောင်ဥက္ကလာပမြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 11,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းဆင်းသုခ(RS-CS)စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကံသာထွက်ဝရပ်ကွက်ရှိ ကွင်းအမှတ်(၃၉)၊ ဦးပိုင်(၁၅၁/၃) တောင်သူဦးမောင်မောင်စိုးလယ်မြေတွင် ပြုလုပ်သည်။
ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအညီ သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ
Nov 11,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှဦးဆောင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Nov 11,2022
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ပညာရေးမှူးရုံးနှင့် သမဝါယမဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းခဲ့ကြသည်။
ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းပြင်ပပညာရေး မူလတန်းနှင့်အလယ်တန်း အခြေစိုက်စခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းက ကျောင်းပြင်ပ ပညာရေး မူလတန်းနှင့်အလယ်တန်း အခြေစိုက်စခန်းများသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။