အမျိုးသား​အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

အမရပူရ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community  Centre ခန်းမတွင် ယ​မန်နေ့ ၁၁ နာရီအချိန်က မူလတန်းအဆင့်အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲနှင့်ပတ်သက်၍ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊​ကျောင်းသူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)