လက်ပံတန်းမြို၌ ဆီထွက်သီးနှံ ဆောင်းနေကြာ သီးညှပ်စိုက်ပျိုးမှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း ကွင်းဆင်းကြည့်ရှု

လက်ပံတန်း နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ကျွန်းကလေးကျေးရွာ တောင်သူ  ဦးတင်ရွှေကွင်းအမှတ်(၁၁၇၃)၊ ဦးပိုင်အမှတ်(၁၀/၁)တွင် ပြုလုပ်ရာ  သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်/ကြပ် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ က နေကြာမျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များ၊ ဓာတ်မြေဩဇာ အသုံးပြုမှုနည်းစနစ်များကို အသိပညာပေး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိမိအနေဖြင့် စိုက်ပျိုးသီးနှံကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ဆောင်းနေကြာကို သီးသန့် ၂ ဧကနှင့် မတ်ပဲ၊ ပဲတီစိမ်းတို့ဖြင့် သီးညှပ် ၈ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူ ဦးတင်ရွှေက ပြောကြားသည်။

မြို့နယ်(ပြန်/ဆက်)