မောင်တော နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါ ဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက် လက်ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့်သူများအားကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင် ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်စီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ ၂၂၃ ဦးအား ဆက်လက် ထိုးနှံပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့ထိ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၄၀၈၃၁ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုး နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး (ပြန်/ဆက်)