မိုင်းယောင်း နိုဝင်ဘာ ၁၈
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့က ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဖတ်ကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ ပြောကြားပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမ်းအနား တက်ရောက်လာသူ များအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အခမ်းအနားတွင် ကျပန်းစကားပြော ဆုရသူများက စကားပြောစွမ်းရည် ပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ”၊ “ထာဝရသစွာ”၊ “ဇာတိမာန်”သီချင်းတို့ဖြင့် ဂုဏ်ပြုသီဆိုခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းပန်(ပြန်/ဆက်)