ပုဗ္ဗသီရိ နိုဝင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာအထက် တန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိန်ကြည်က ဖတ်ကြားပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကျပန်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ကျောင်းသား/ သူများ က(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ဆုရစာစီစာကုံးများနှင့် ပန်းချီပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သားငယ် (ပုဗ္ဗသီရိ )