သတင်းများ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းသူများ အားကစားပြိုင်ပွဲကျင်းပ
Dec 02,2022
ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနတို့ ပူးပေါင်းပါဝင်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ခန့်က ဘားအံမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၁၃၅ ဧက စိုက်ပျိုးပြီးစီး
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၁၃၅ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
မိုးညှင်းမြို့နယ်စည်ပင်သာယာစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Dec 02,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် စည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီက မြို့မစျေး၌ ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်စကားဝိုင်းကျင်းပ
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စုကလိမြို့တွင် ကွမ်းသီးများ စျေးကွက်အတွင်း စျေးကောင်းရရှိ
Dec 02,2022
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် ဒေသတွင်းထွက်ရှိသည့် ကွမ်းသီးများ ပေါများစွာ ထွက်ရှိချိန်ရောက်ရှိလာပြီးဖြစ်သဖြင့် စျေးကွက်အတွင်းတွင် ကွမ်းသီးများ စျေးကွက်ဝင်ကုန်အဖြစ် ရောင်းချလာနိုင်ပြီးဖြစ်သည်။
မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြစိမ်းရောင်(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Dec 02,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အင်းကုန်းကျေးရွာအုပ်စု၊ နန့်လှိုင်ကျေးရွာ၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးထားရှိမှု အခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။