သတင်းများ

အင်းစိန်မြို့နယ်၌ အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (စာတွေ့၊ လက်တွေ့) ဖွင့်လှစ်သင်ကြားပို့ချ
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြက်‌ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း အတတ်ပညာများ လူတိုင်းလူတိုင်း တတ်မြောက်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (စာတွေ့၊ လက်တွေ့) ဖွင့်လှစ်သင်ကြားပို့ချခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အ.လ.က(၁၁)နှင့် အ.လ.က(၁၄)ကျောင်းတို့တွင် ဖွင့်လှစ် သင်ကြားပို့ချသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သော အနောက်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ယနေ့နံနက် ၁၁ နာရီက တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအား ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna လာရောက်တွေ့ဆုံ
Dec 03,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင် စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna အား လက်ခံတွေ့ဆုံကြသည်။
သာကေတမြို့နယ်၌ မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့်ကာယအလှမယ် ပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များအားရွေးချယ်ကျင်းပ
Dec 03,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွက် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား၊ မြို့နယ်ပေါင်းစုံ လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ မြို့နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လှယဉ်ကျေးမယ်နှင့် ကာယအလှမယ် ပြိုင်ပွဲဝင်များအား၊ ယနေ့ နံနက် ၁၁ နာရီ အချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြိုင်ပွဲဝင်ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းကျင်းပသော  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါ ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Dec 03,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သီးထပ်စွမ်းအားမြင့်မားရေး ဆောင်းသီးနှံ၊ နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကျောက်ချက်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ Fitness Dance လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲ
Dec 03,2022
ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိမှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုနိုင်စေမည့် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက (Myanmar Fitness Dance) စုပေါင်းကိုယ်လက် လှုပ်ရှားမှုကို ကမ်းနားလမ်းတွင် ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ ဒေသခံ အားကစားဝါသနာရှင်များ စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘုရားကြီးကုန်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဆောင်သီးနှံနေကြာစိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲ ၊ ဆိုလာနှင့်ရေပေးဝေမှုပြသခြင်း အခမ်းအနားတက်ရောက်
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု တောင်သူဦးပန်းမောင်၏ လယ်မြေတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံနေကြာ စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲအခမ်းအနားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည်ဆိုလာဖြင့်ရေပေးဝေမှုပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။