ပုဗ္ဗသီရိ ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က မသန်စွမ်းမှုအမျိုးအစားများ၊ မသန်စွမ်းသူများ၏ စာတတ်မြောက်မှုနှုန်းများနှင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြန်မာနိုင်ငံ၏ မသန်စွမ်းသူများဆိုင်ရာ အခြေအနေနှင့်အခွင့်အရေးများကို ပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗ)