သတင်းများ

မော်လိုက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားနှင့် အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် (၃/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ်(၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းကသင်တန်းဆင်းပွဲအခမ်းအနား ဖွင့်လှစ်ကျင်းပလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့မှုတားဆီးကာကွယ်နိုင်ရန် ရပ်ကွက်နေပြည်သူများအား Mask Campaign ပြုလုပ်၍  နှာခေါင်းစည်း mask များ ဖြန့်ဝေ
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှုတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများနေအိမ်မှပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်၍နှာခေါင်းစည်း mask များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က စင်ကျေးရွာရွှေဇင်လမ်းနှင့်ဗေဒါလမ်းထောင့်ရှိ လူစည်ကားရာနေရာများနှင့်ဆိုင်ခန်းများရှိ စျေးသွား၊ စျေးလာ၊ စျေးဝယ်ပြည်သူများကို နှာခေါင်းစည်း mask များဖြန့်ဝေကာ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
သာပေါင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများအရောက် ဆောင်ရွက်ပေး
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)အရ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ ပျက်စီး၊ ‌ပျောက်ဆုံးခြင်းများအား နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၃၁၊၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၁ ရက်နေ့များက ကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိလာခဲ့ရာ ကျေးရွာအုပ်စု(၂)စုသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြသည်။
လမ်းမတော်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်(၂) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပဆောင်ရွက်
Dec 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၁/၂၀၂၂)ကျင်းပ
Dec 03,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၁/၂၀၂၂)ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။  
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 03,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။