သတင်းများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း ညောင်တုန်းမြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 02,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေး နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး
Dec 02,2022
ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော် ဆောင်ပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နှင့် လုပ်ငန်းရှင်များ အကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
မြင်းမူမြို့နယ်တွင် ကုလားပဲ(၁၄၁၂၅)ဧက စိုက်ပျိုးထားရှိပြီးဖြစ်
Dec 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ်စိုက်ပျိုး ရာသီအတွက် ကုလားပဲဧက (၁၄၁၂၅)ကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ဒေးဒရဲမြို့၌ ‌ကျောင်းအခြေပြုမီးဘေး လုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Dec 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ‌မီးဘေးအန္တရာယ်‌ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဗူးအား အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ‌ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) ‌အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှ၌ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး
Dec 02,2022
စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ‌အရောင်းဆိုင်များအား ဒီဇင်ဘာ ၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံး အသင်းနှင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေး အလံပေးအပ်
Dec 02,2022
နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ တက်ရောက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် "အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့" အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Com munity Centre ခန်းမတွင် ဒီဇင်ဘာလ(၃ )ရက်နေ့တွင်ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" အထိမ်းအမှတ်နေ့အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်း (၁၀) နာရီခွဲ က ပြုလုပ်ခဲ့သည်။