လိပ်သို ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အမျိုး သမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နွယ်နွယ်ခိုင်က အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်လေးခင်ဖြိုးက အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုအမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုဖြစ်ပွားနိုင်သော အကြောင်းအရင်းများ၊ အကြမ်းဖက်မှုဖြစ်ရခြင်း၏အကျိုးဆက်များ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် Talk Show အစီအစဉ်များရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်