သာကေတမြို့နယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ လူရွေးပွဲကျင်းပ

သာကေတ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ၊သာကေတမြို့နယ် အားကစားကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ လူရွေးပွဲကို ယနေ့ နံနက် (၆:၃၀) နာရီက ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် လူရွေးပွဲကိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းမှ (၁၈)နှစ်အောက် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲများမှ ကျား/ မဘောလုံးပြိုင်ပွဲ၊ ကျား/ မဘော်လီဘောပြိုင်ပွဲ၊ ကျားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကျား/ မပြေးခုံပစ်အားကစားပြိုင်ပွဲများ ပါဝင်ပြီး အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကျောင်းသား ကျောင်းသူများအား အားကစားပြိုင် ပွဲတစ်ခုလျှင် (၂)ဦးစီရွေးချယ်၍ ခရိုင်အဆင့်အားကစားလူရွေးပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ လူရွေးပွဲအောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စီမံကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာချစ်ဦး (ပြန်/ဆက်)