လိပ်သို ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန်၊ ကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါ ရရှိ၍ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်၊ စာပေကို ချစ်မြတ်နိုးစေရန်၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့်အလေ့အကျင့်များရှိစေရန်၊ စာကြည့် တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ တွင် မောင်ဘုန်းသက်နောင်က “တောင်ပေါ်ကအိမ်ကလေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မဇွန်ပွင့်ဖြူက “စည်းလုံးခြင်း သည်လွတ်မြောက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗလာစာအုပ်၊ ဘော့ပင်နှင့် မုန့်များ ဝေငှပေးခဲ့ ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)