ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးအတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ခန္တီး ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်ပေး လျက်ရှိရာ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် အထူးသဖြင့် ဈေးမီးလောင်မှုကြီးများ မပေါ်ပေါက် စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအဖြစ် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ကို ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးအတွင်း ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သူဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ ဈေးအတွင်း မီးဖိုမီးအသုံးပြုရောင်းချသည့် ဈေးဆိုင်များအား မီးအားစနစ်တကျ အသုံးပြုရေး၊ မီးကျွင်းမီးကျန်များမရှိစေရေးနှင့် လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်နှင့် မီးသတ်ဆေးဗူး ထားရှိမှုအခြေအနေများအား စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)