ပေါက်ခေါင်း ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်စောင့်ရှောက်ရေးရိပ်သာများသို့ မကူးစက်နိုင်သောရောဂါများ (NCD Clinic) ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆေးကုသမှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့ဆည်းဆာရိပ်ငြိမ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများအဖြစ် ဆီးချို၊ သွေးချိုရှိ/မရှိ စစ်ဆေးခြင်းနှင့် သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးပြီး ရောဂါများစစ်ဆေးတွေ့ရှိပါက သောက်ဆေး(၁)လစာကို အခမဲ့ထုတ်ပေးခဲ့ပြီး အဆိုပါသောက်ဆေးများထပ်မံလိုအပ်ပါက ပြည်သူ့ဆေးရုံသို့အကြောင်းကြားထုတ်ယူနိုင်ကြောင်းနှင့် နောက်ရက်များတွင် ကျန်ရှိနေသော ဌာနဆိုင်ရာရုံးများသို့လည်း ကွင်းဆင်းဆေးကုသပေးခြင်းများဆောင်းရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)