သရက်ချောင်း ဒီဇင်ဘာ ၁၆
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့၊ လူမူဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လှလှထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယကညာဦးစီးဌာနမှ အားကစားမှူး ဦးဇေယျာဌေးနှင့် ဝန်ထမ်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ မိဘများ၊ ဆရာ/ဆရာမများနှင့် သရက်ချောင်းမူလတန်းကြိုကျောင်းမှ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများက အငယ်အဆင့်(ကျား) မြင်းစီး၊ အရုပ်ထောင်ပြေး၊ ဇွန်းကိုက်၊ ဘော်လုံးကောက်၊ မုန့်စားပြိုင်ပွဲများယှဉ်ပြိုင်ခြင်း၊ အငယ်အဆင့်(မ) ကွမ်းသီးကောက်၊ အရုပ်ဆက်ပြေး၊ အရောင်ရွေး၊ ခေါင်းအုံးစွပ်ပြိုင်ပွဲများယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် လက်ဆောင်ပစ္စည်းများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
သားကြီး(သရက်ချောင်း)