ခိုလမ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ မူလတန်းကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉:၃၀)နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူသော်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ ကျောင်းသူများအား လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသား စည်းလုံးညီညွှတ်မှုတို့ကို ပြောကြားခဲ့ပြီး၊ အငယ်တန်းစာရေး ဒေါ်ပန်းအင်ကြင်းက မိုးသောက်ပန်းဂျာနယ်မှ “သက်လုံကောင်းအောင်ကြိုးစားမယ်” ပုံပြင်ကို ပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
နေလင်းထွန်း(ခိုလမ်)