ကျိုက်လတ်၌ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက် သရုပ်ပြပွဲ ကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍  ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက် သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက လှည်းဆိပ်ကျေးရွာအုပ်စု၊ တောင်သူဦးအောင်မြင့်ဦး၏ ကွင်းအမှတ် ၉၉B  လယ်ယာမြေဧက (၁၀၀) ကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်ခြင်းအားဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ခြင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်ခြင်း၊  ကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဒေါ်ရီရီမြင့် ကျိုက်လတ် (ပြန်/ဆက်)