အောင်လံ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စု၊ ပန်းမတကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလှအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေကြာသီးနှံ(သီးသန့်) စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါ နေကြာသီးနှံ(သီးသန့်)စံကွက်သည် ကွင်းအမှတ် ၇၆ (က) ဦးပိုင်အမှတ် (၉၀) ပန်းမတကျေးရွာ တောင်သူ ဦးလွင်၏ လယ်မြေ (၅) ဧကတွင် ပင်ကြား၊ တန်းကြားအကွာအဝေး ၂ ပေ-၉ လက်မ စိုက်ပျိုးထားရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ မျိုးစေ့ထုတ် ၅ ဧက စံပြကွက်ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) ဆောင်းနေကြာ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင်(၃၁)တင်း ထွက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)