ဟုမ္မလင်း ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေကြီး၊ ဟုမ္မလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၁) နာရီတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ မြို့နယ်အဆင့် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟုမ္မလင်းမြို့နယ် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံဒေါ်ခိုင်စံပယ်ထွန်းက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း၊ ကလေးသူငယ် အခွင့်ရေးများ ဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)