သီပေါမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တုံစင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။