မိုင်းတုံမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ‌ဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

မိုင်းတုံ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ‌ဒေအကြောင်းရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မိုင်းတုံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်အောင်က သက်ဆိုင်သည့် ဌာနဆိုင်ရာအကြီးအကဲများကို ဖိတ်ကြားရခြင်းနှင့်ပတ်သက်ပြီး ပြောကြားပြီးနောက် ပြည်ထောင်‌စုသမ္မတမြန်မာနိုင်ငံတော်‌‌၊ နိုင်ငံတော်‌စီမံအုပ်ချုပ်ရေးကောင်‌စီ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ‌မှအခန်း(၁)မှ အခန်း(၁၁)ပါအမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ ရည်ရွယ်ချက်များ၊ မှတ်ပုံတင်ရေး‌အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေး‌ နည်းလမ်းအရအရေး‌ယူခြင်း၊ တားမြစ်ချက်များနှင့်ပြစ်ဒဏ်များမှ ပုဒ်မနှင့်ပုဒ်မခွဲများအကြောင်း‌ Power Point ဖြင့် အသေး‌စိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)