အောင်လံမြို့၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အောင်လံ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ အောင်လံမြို့၌ အောင်လံမြို့၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ဆေးဆိုင်များအား  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိ၊ ရောင်းချနေသော ဆေးဝါး ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)