ကန့်ဘလူ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိန်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အသက် ၁၈ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူမြို့ မိုးလံလေလုံအားကစားရုံ၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ယူ-၁၈ ပြိုင်ပွဲဝင်အသင်း (၉)သင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ဒီဇင်ဘာ ၂၃ ၌ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်မြင့်မြတ်က ပြောသည်။
အလားတူ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ (ဌာနဆိုင်ရာများ)၊ စနူကာပြိုင်ပွဲ၊ ပြေးခုန်ပစ်နှင့်ပျော်ပွဲရွှင်ပွဲများအဖြစ် အာလူးကောက်၊ ခြေပူးတွဲ၊ ဂုန်နီအိတ်စွတ်၊ မီတာ (၁၀၀)၊ မီတာ (၂၀၀)၊ မီတာ (၉၀၀)၊ အလျားခုန်နှင့်သုံးပစ်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး အဆိုပါအားကစားပြိုင်ပွဲများမှ ဆုရရှိသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့(လွတ်လပ်ရေးနေ့) ၌ ဆုများချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ ဆက်)