မူလတန်းကြိုကျောင်း အမှတ် (၁) ဗဟန်းတွင် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ဗဟန်း ဇန်နဝါရီလ ၁

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား(၂)ရပ်ကွက် ကမ္ဘောဇလမ်းရှိ မူလတန်း‌ကြိုကျောင်း အမှတ်(၁) ဗဟန်းတွင် ယနေ့နံနက်က ကျောင်းတွင်းကာယ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ကျင်းပခဲ့သည်။

ထို့သို့ ကျင်းပရာတွင် ရိုးရိုးအပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲ၊ အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ပြုလုပ်ခြင်း၊ အပျော်တမ်းလွန်ဆွဲပွဲပြုလုပ်ခြင်း၊ မိဘများပြိုင်ပွဲ ပြုလုပ်ခြင်းတို့ကို ကလေးများ ကာယ၊ ဉာဏ ဖွံဖြိုးစေရန်ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်းနှင့် ဆုရရှိသည့် သားငယ်သမီးငယ်များအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ဆရာ၊ ဆရာမများမူကြို ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သတင်းရသည်။

စန္ဒာဌေး(ပြန်/ဆက်)