နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲများကျင်းပ

နတ်မောက် ဇန်နဝါရီ ၅

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါဗိုလ်လုပွဲများ၌  အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဖူဆယ်ကွင်းတွင်လည်းကောင်း၊ စစ်တုရင်အကြီးတန်းနှင့် အငယ်တန်းဗိုလ်လုပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ရှေ့တွင်လည်းကောင်း ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ညနေ(၃)နာရီတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဖြိုး