စေတုတ္တရာမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေနွေးပွဲ ကျင်းပ

စေတုတ္တရာ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယမန်နေ့ညနေ ၁၅:၃၀အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန. Community Centre ခန်းမ၌  လူဦးရေစာရင်းမှန်ကန်စေရေအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းကောက်ယူရေးရှင်းလင်းဆွေးနွေပွဲတွင့် မြို့နယ်ဦးစီးအရာရှိ ဦးအောင်သန်းက စာရင်းကောက်ယူရေးအဖွဲ့ (၅၄)ဖွဲ့ရှိပါကြောင်း၊ တစ်ဖွဲ့လျှင် (၅)ယောက်၊ စာရင်းကောက်ယူရေးအဖွဲ့အင်အား (၂၇၀)ဦးရှိပါကြောင်းနှင့် မြေပြင်စာရင်းကောက်ယူရာတွင် ၆၆/၆လူဦးရေစာရင်း မရှိဘဲနေထိုင်သည့်သူများအားလုံး ပုံစံအလွတ်တွင် ထည့်သွင်း၍ ကောက်ယူသွားကြောင်း၊ မသန်စွမ်း(၅)မျိူးစာရင်းလည်း ကောက်ယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေနွေးခဲ့သည်။

အဆိုပါမြေပြင်ကွင်းဆင်းမူအား  ၉-၁-၂၀၂၃ရက်နေ့မှ ၃၁-၁-၂၀၂၃ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်မိုးညွန့် (ပြန်/ဆက်)