အောင်လံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

 

အောင်လံ မေ ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လမ်းမတော်လမ်း၊ မြို့မဈေးကြီးနှင့် မြနန္ဒာဈေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အဖွဲ့ဝန်ထမ်းများက ဈေးရောင်းဈေးဝယ်နှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်ပါအချက်များမှာ မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့နေပြည်သူများအနေဖြင့် စည်းကမ်းတကျအမှိုက်စွန့်ပစ်ခြင်း၊ မိမိတို့အိမ်ရှေ့ဥပစာ သို့မဟုတ် အများပြည်သူသွားလာနေသောလမ်းမများ၊ ရေမြောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမရှိစေရေး ပူပေါင်းကူညီဆောင်ရွက်ရန်၊ စနစ်တကျအမှိုက်စွန့်ပစ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာတားမြစ်ချက်များ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)