တံတားဦး မေ ၃၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြိုင်သာကျေးရွာအုပ်စု မြိုင်သာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာတို့တွင် ဝါအထူးဇုန် (၃၅၀) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝါမျိုးများ စိုက်ပျိုးရာတွင် ဝါမျိုးစေ့များကို ပင်ခြားတန်ခြားစနစ်ဖြင့် စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အပင်ငယ်စဉ် စုပ်စားပိုးကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးသုံးပြီး စိုက်ပျိုးရေး၊ ဝါအထွက်ကောင်းရရှိရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ဝါစိုက်ပျိုးရန် တစ်နှစ်ပတ်ပတ်လုံး (၄၂၁၅) လျာထားပါကြောင်း၊ ထို့အပြင် မြိုင်သာကျေးရွာအုပ်စု မြိုင်သာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာတို့တွင် ဝါစိုက်ပျိုးရန် အထူးဇုန် (၃၅၀) ဧက လျာထားပါကြောင်း၊ မိုးဝါ (၁၂၀၀) ဧကကို မတ်လလယ်မှစတင်၍ ဇွန်လအထိ စိုက်ပျိုးပြီး မိုးနှောင်းဝါ(၃၀၁၅)ကို ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် စိုက်ပျိုးရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။
ရဲတင့်