သတင်းများ

ကျောက်တန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့မအခြေခံပညာ အထက်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်​ရေး ဆက်လက်ထိုးနှံ​ပေး
May 31,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်​ရေးအတွက် အသက် (၁၅) နှစ်နှင့် အထက် (၁၈) နှစ်အကြား လူငယ်များ၊ ကိုယ်ဝန်​ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းနှင့် ကာကွယ်​ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့်ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါထပ်​ဆောင်း ကာကွယ်​ဆေး (Booster) ထိုးနှံ​ပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မိခင်နှင့် က​​လေးကျန်းမာ​ရေးဌာနနှင့် ပူး​ပေါင်းကျန်းမာ​ရေးစစ်​ဆေးသည့် ဂိတ်တို့တွင် ကျန်းမာရေး ဝန်ထမ်းများက ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
ကသာခရိုင် မီတာ(၄၀၀)အားကစားကွင်းတွင် ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၃၀)ရက်နေ့၊ ညနေ(၃)နာရီ အချိန်က ကသာခရိုင် မီတာ(၄၀၀)အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​​ ကျောင်းအပ်နှံ​ရေးအခမ်းအနား​ကျင်းပ
May 31,2022
မကွေးတိုင်း​ဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​​ ကျောင်းအပ်နှံ​ရေး အခမ်းအနားကို ယ​နေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်​ခဲ့သည်။
ပဲခူးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စကားပုံဆက် ပြိုင်ပွဲဆောင်ရွက်
May 31,2022
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ‌စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာ‌စေရန် ရည်ရွယ်၍
တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ
May 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေး များအား “ မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့ ” ဆိုသည့် ဆောင်ပုဒ် အတိုင်း အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်အတွင်း လာရောက်အပ်နှံကြသည့်  ကျောင်းသား/သူ စုစုပေါင်း (၁၆၀၅၇) အထိရှိ
May 31,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် သတ်မှတ်၍  သူငယ်တန်း (KG) တန်းမှ Grade-11အထိ ကျောင်းသား/သူများအား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး
ပွင့်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ ၁၉၈၁၃ ဦး ကျောင်းအပ်နှံထားပြီးဖြစ်
May 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် မေလ(၂၆)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများကို  ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၃၀ ရက်နေ့အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၈၁၃ ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။