မြို့သစ် မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့သစ်မြို့နယ်တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကိုကျောင်းအပ်နှံရေးနေ့အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိပြီး ဇွန်လ၂ရက်နေ့တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်အေးအေးဆန်းက “၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်သက်ဆိုင်ရာ အတန်းများအလိုက် ပညာသင်ကြားနိုင်ရေး စနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက်အခြေခံကျောင်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ကြောင်းသိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)