ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်​ရေး ဆက်လက်ထိုးနှံ​ပေး

ဖား​ဆောင်း မေ ၃၁

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်​ရေးအတွက် အသက် (၁၅) နှစ်နှင့် အထက် (၁၈) နှစ်အကြား လူငယ်များ၊ ကိုယ်ဝန်​ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းနှင့် ကာကွယ်​ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့်ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါထပ်​ဆောင်း ကာကွယ်​ဆေး (Booster) ထိုးနှံ​ပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မိခင်နှင့် က​​လေးကျန်းမာ​ရေးဌာနနှင့် ပူး​ပေါင်းကျန်းမာ​ရေးစစ်​ဆေးသည့် ဂိတ်တို့တွင် ကျန်းမာရေး ဝန်ထမ်းများက ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာ​ရေးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများပူး​ပေါင်းပြီး ကိုဗစ်-၁၉​ ရောဂါ ကင်း​ဝေး​စေရန်၊ ကာကွယ်​ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်​ရေးအတွက် ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်းနှင့် ​ကျေးရွာများသို့လည်းကွင်းဆင်းထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်းသဲနု​​အောင်(ဖား​ဆောင်း)