နတ်မောက်မြို့နယ်အတွင်း လာရောက်အပ်နှံကြသည့်  ကျောင်းသား/သူ စုစုပေါင်း (၁၆၀၅၇) အထိရှိ

နတ်မောက် မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နိုင်ရေး သီတင်းပတ်အဖြစ် သတ်မှတ်၍  သူငယ်တန်း (KG) တန်းမှ Grade-11အထိ ကျောင်းသား/သူများအား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နတ်မောက်မြို့နယ် အခြေခံပညာကျောင်းပေါင်း (၂၁၂) ကျောင်းရှိရာ မေလ ၃၀ ရက်နေ့အထိ ကျောင်းသား/သူ စုစုပေါင်း (၁၆၀၅၇) ဦးအထိ လာရောက်ကျောင်းအပ်နှံပြီးဖြစ်ကြောင်းသိရသည်။

နတ်မောက်မြို့နယ်အတွင်း၌ အ.ထ.က (၁၄) ကျောင်း၊ အ.ထ.က (ခွဲ) (၄၃) ကျောင်း၊ အ.လ.က (၅၅) ကျောင်း၊ အ.လ.က (ခွဲ) (၃၁) ကျောင်း၊ အ.မ.က (၃၅) ကျောင်း၊ အ.မ.က (ခွဲ) (၆) ကျောင်း၊ အ.မ.က(မူလွန်) (၂၈)ကျောင်း စုစုပေါင်း (၂၁၂) ကျောင်းမှ လာရောက်အပ်နှံကြသည့် ကျောင်းသား/သူ စုစုပေါင်း (၁၆၀၅၇)ဦး အထိအပ်နှံခဲ့ကြရာ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်းမပြုဘဲ ကျောင်းသား/သူများအား ဘာသာရပ်အလိုက် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများ အစရှိသည့်ကျောင်းအသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာ ဆရာ/ မများက (အခမဲ့) ထုတ်ပေးခဲ့ကြကြောင်းသိရသည်။

လှဝင်း (ပြန်/ဆက်)