သတင်းများ

ခမောက်ကြီးမြို့ Quaratine Center တွင် နေရပ်ပြန်များအား စောင့်ကြည့်ထားရှိ
Jun 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့‎သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှ  ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်အမျိုး သား (၄၁)ဦးတို့အား  ခမောက်ကြီးမြို့  Quaratine Centerတွင်ယမန်နေ့ညနေပိုင်းက  စောင့်ကြည့်ထားရှိခဲ့ကြောင် းသိရသည်။
မောက်မယ်မြို့နယ်၌ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 08,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာများတွင် တက်ရောက် ပညာသင်ကြားနေသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ကူးစက်ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေတော်ရပ်ကွက် အ.မ.က၊ မိုက်ကန်း အ.မ.က၊ နားသဲအ.မ.က၊ အ.ထ.က ဥယာစန်း၊ အ.မ.က(ခွဲ)မိုက်ကန်း စသည့် ကာကွယ်ဆေးထိုးစုရပ်အသီးသီး၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊ ဝါဆိုကျောင်းလမ်းနှင့် သံကူကွန်ကရစ်တံတားတစ်စင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီး
Jun 08,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာဌာန၏ ရန်ပုံငွေဖြင့် မြို့တွင်းလမ်းဖြစ်သော ဝါဆိုကျောင်းလမ်း (မြေသားလမ်း)မှ (၃၃၅'×၁၂'×၉') ကတ္တရာလမ်းအဖြစ်  အဆင့်မြင့်တင်ဖောက်လုပ်ခြင်းနှင့် အမှတ်(၄) ရပ်ကွက်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် Community centre တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jun 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြော ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထက ကျောင်းခန်းမဆောင်၌ ဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရနိကာယ်(ဝိဒူတန်း)စာမေးပွဲ ကျင်းပပြုလုပ်
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်ငါးရပ် (ဝိဒူတန်း) စာမေးပွဲကို အမှတ် ၂ ရပ်ကွက် ဆုတောင်းပြည့်မယ်လမုစေတီတော်သာသနာ့ဗိမာန်​တော်အလယ်ထပ်တွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လစဉ်ပုံမှန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 08,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jun 08,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။