ပလောက် ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြော ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထက ကျောင်းခန်းမဆောင်၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားရာ တွင် မိုးရာသီကာလအတွင်းသွေးလွန်တုပ်ကွေးရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကြရန်လိုအပ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်း(၅)ကျောင်းမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများကို သတ်မှတ်အရေ အတွက် (၁၄၀)ဦးထက်ကျော်လွန်၍ (၃၉၀)ဦးအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီးနောက် ပလောက်မြို့ တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ဒေါက်တာရဲမြင့်ဟိန်းမှ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရမှုကြောင့် အများဆုံးဖြစ်ပွားကြောင်း၊ ယခုအချိန်သည်မိုးရာသီကာလဖြစ်သည့် အတွက် ခြင်ခိုအောင်းမှုအများဆုံးဖြစ်ပြီး ၎င်းခြင်မှ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကို သယ်ဆောင်လာသည့် ခြင်ကိုက်ခံရပါကသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ကြောင်း၊ ၎င်းခြင်များသည်အမှိုက်ပုံထားရှိရာနေရာများ၊ တည်ငြိမ်နေသော ရေတွင်းရေကန်များ၊ ရေနှုတ်မြောင်းများ၊ ဘုရားပန်းအိုးများတွင်အနည်းဆုံး (၅)နှစ်ခန့် ခိုအောင်းနိုင်ကြောင်းစသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုလည်း အသက် အရွယ်အလိုက် အကြိမ်ပြည့် ထိုးနှံကြရန်နှင့် အပြင်ထွက်ရင်Maskတပ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင်ဆေးကြောကြ ရန်တို့ကို အသိပညာ ပေးဟောပြောခဲ့သည်။
ဆက်လက်ပြီးဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား/သူများကို သွေးလွန်တုပ်ကွေးရောဂါကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ၊စာသင်ခန်းအတွင်းရှိ ဘုရားပန်းအိုးများကို ဖုံး ၊ သွန် ၊ လဲ ၊စစ် ဆောင် ရွက်ပေးခြင်း၊ ကျောင်း အတွင်းရှိခြင်ခိုအောင်နိုင်မည့်ရေတွင်း၊ ရေကန်များကို အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင် ရွက်ပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ ပလောက်တိုက်နယ်တာဝန်ခံ ဆရာဝန်ဒေါက်တာရဲမြင့်ဟိန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသား တက်ရောက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)