ကမမောင်း ဇွန် ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုကဲ့သို့အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအချိန်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်းများလှည်လည်နှိုးဆော်ပေးလျက်ရှိရာပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦး တည်အုပ်၁စုများအလိုက် အကြိမ်အရေတွက် အပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်- ၁၉ ဖြစ်ပွားမှု ကို လျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်းMaskကို စနစ်တကျမဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန် အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများအား အထူးဂရုစိုက်၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိူးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)