မောက်မယ်မြို့နယ်၌ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

မောက်မယ် ဇွန် ၈

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာများတွင် တက်ရောက် ပညာသင်ကြားနေသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ကူးစက်ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေတော်ရပ်ကွက် အ.မ.က၊ မိုက်ကန်း အ.မ.က၊ နားသဲအ.မ.က၊ အ.ထ.က ဥယာစန်း၊ အ.မ.က(ခွဲ)မိုက်ကန်း စသည့် ကာကွယ်ဆေးထိုးစုရပ်အသီးသီး၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

မောက်မယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinophram ကာကွယ်ဆေးအား ဆေးတစ်လုံးလျင် လူငါးယောက်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အတွင်းရေးမှူး ရဲမှူးမြင့်နိုင်တို့က သွားရောက်ကြည့်ရှု အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)