သတင်းများ

လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ကို အ.မ.က(၂၄)ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ တတိယအကြိမ် အစည်းအဝေးတက်ရောက်
Jun 21,2022
မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်၊၊
ကြို့ပင်ကောက်မြို့နယ် Community Center ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  အခြေခံပညာကျောင်းများ၌ ဖြန့်ဝေခဲ့သည်။
လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပသည်။
တာမွေမြို့နယ်ရှိ ခုနှစ်ပင်လိမ်ချောင်း တစ်လျှောက်ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ခုနှစ်ပင်လိမ်ချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက အဆိုပါချောင်းအတွင်းရှိ နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းနှင့် ချောင်းအနီးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော တောင်ငူမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား (၆)ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်သည်။
လှည်းကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်
Jun 21,2022
 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်း ရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။