သတင်းများ

ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန် ခန်းမ၌ ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီး နိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်
Jun 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
သာစည်မြို့နယ်တွင် Sub-Soiler မြေဆီလွှာထိုးခွဲကိရိယာ လက်တွေ့အသုံးပြုခြင်းသရုပ်ပြသ
Jun 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း အကျိုးကျေးဇူးများကို တောင်သူများသိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှုလယ်ယာစခန်းသာစည်မြို့မှ Sub-Soiler မြေဆီလွှာထိုးခွဲကိရိယာ လက်တွေ့အသုံး ပြုခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘွဲ့ခြားကျေးရွာကွင်းအမှတ် ၁၇၀၃ ဦးပိုင် အမှတ် ၅၆ တောင်သူဦးကျော်စိုး၏ ဝါစိုက်မည့်မြေငါးဧက၌ ပြုလုပ်ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကျပန်း၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jun 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်း၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ မြို့ဖွံ့ဖြိုးတိုးတက်စေရေး မြို့တွင်းလမ်း(၃)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်များဆောင်ရွက်
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စည်ပင်သာယာရေးနယ်နမိတ်အတွင်း မြို့ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်း(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကလိန်အောင်မြို့ ရာဖူးကျေးရွာ၌ မိုးရာသီ အရိပ်ရသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာ ရေး-ထားဝယ်သွား ကားလမ်းနံဘေးရှိ ဘုရားကုန်းပေါ်၌ ယနေ့နံနက် ၇ နာရီက ကလိန်အောင်မြို့သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ‌စေရေးအတွက် ၂၀၂၂ ခုနှစ်  မိုးရာသီ အရိပ်ရသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်
Jun 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်ပွဲကို ဇွန် ၂၀ ရက် က ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။