နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်

နောင်ချို ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာကြည့်တိုက်သို့ လာရောက်ရန်အချိန်မပေးနိုင်သူ စာဖတ်ပရိသတ်များ အသိပညာ ဗဟုသုတ တိုးပွားစေရေး၊  စာအုပ်စာပေများဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ပျောက်ပျက်မသွားစေရေး ရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို သွားရောက်ငှားရမ်းပေးခဲ့ကြသည်။ အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)