သတင်းများ

ပခုက္ကူမြို့၊ စနစ်သစ်ပုထိုးတိုက်ရှိ ဆရာတော်သံဃာတော်များနှင့်သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း
Jun 04,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ရှိ ဆရာတော်သံဃာတော်များနှင့်သီလရှင်များအား ယနေ့နံနက်ပိုင်းက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Jun 04,2026
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် (၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျွဲ၊ နွားရောဂါကာကွယ်ဆေးများဖြစ်သည့် လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ နို့စားနွားမေထုန်မဲ့သားစပ်လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
မိုင်းဆတ်မြို့၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ
Jun 04,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်အဆင့်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပင်းတယမြို့Community Centre ခန်းမ၌ Book Club ဝင်များဖြင့်စာဖတ်ဝိုင်း ပြုလုပ်
Jun 04,2026
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပ
Jun 04,2026
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုရေး၊ မွေးမြူရေးဟောပြောပွဲ ပြုလုပ်
Jun 04,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jun 04,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဇင်ပြွန်းကျေးရွာအုပ်စုနှင့် ကျောင်းကုန်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့်ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
Jun 04,2026
“ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပညာရေးဝန်ကြီးဌာနမှ ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်ရည်ရွယ်၍ ဇွန်လ၁ရက်နေ့ စတင်၍ ဖွင့်လှစ်ခဲ့ရာ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်(၂၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညသင်ကျောင်း(၁၀)ကျောင်း စုစုပေါင်း(၂၂၂)ကျောင်းတို့တွင် ကျောင်းသား၊ကျောင်းသူ (၃၃၉၀၅)ဦး ကျော်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။